အလောင်းတော်ကသပ သမိုင်းကြောင်း
.ဗုဒ္ဓ၀င် ရာဇ၀င်နှင့် သမိုင်းဝင်အထောက်ထားများ
အခိုင်အမာရှိပြီးမြန်မာပြည်တွင်ထင်ရှားကျော်ကြားလှသည့် အလောင်းတော်ကဿပ
ကိန်းဝပ်စံပယ်တော်မူရာနေရာဌာနမှာမြန်မာနိုင်ငံအထက်ပိုင်းမုံရွာမြို့အနောက်ဖက်
စစ်ကိုင်းတိုင်းအောက်ပိုင်း မုံရွာနှင့် ယင်းမာပင်ခရိုင် ကနီမြို့နယ်
အတွင်းတည်ရှိနေတာဖြစ်ပါတယ် ပုံတောင်ပုံညာ၊ မဟူတောင်တန်းမှသည်ဝေဘူလ ဝေဘာရ
သုနန္ဒရ တောင်သုံးလုံးတို့၏အကြား ပုထိုးလုံးချောင်း၏လက်တက်ဖြစ်တော့
အထက်ချောင်းဖျားတနေရာစမ်းချောင်းလေးဘေးလှိုင်
မှာကိန်းဝပ်စံပယ်နေတော်မူလျက်ရှိနေတာဖြစ်ပါတယ်။အလောင်းတော်ကဿပ
ဆိုသည်မှာဗုဒ္ဓဘုရားရှင်၏မဟာသာဝကရဟန
္တာမထေရ်မြတ်ကြီး၏ဘွဲ့တော်ဖြစ်ပါသည်။နှစ်စဉ်လဲဘုရားပွဲတေါ်ကာလတွင်
ပြည်တွင်းပြည်ပခရီးသွားအများအပြားလာရောက်ဖူးမျှော်လေ့လာကြည့်ရှုသူများနဲ့အထူးစည်ကားလှပါတယ်။ခရီးလမ်းပမ်းကတော့
မုံရွာမြို့မှတဆင့် လမ်း ၃လမ်း
၃သွယ်ပေါက်ပါတယ်မုံရွာမှချင်းတွင်းတံတားကြီးကိုဖြတ်၍ သပိတ်ဆေးစခန်းထိ
၃၅မိုင်ခရီးနှင့် နောက်တစ်လမ်းမှာ မုံရွာ- ယာကြီး- ကလေးဝ မှ သစ်ရာပင်၊
ကပိုင် တို့ကိုဖြတ်ကာ သပိတ်ဆေးစခန်းသို့ မိုင် ၄၀ ရှိပြီးမုံရွာတဖက်ကမ်း
ညောင်ပင်ကြီးသိမ်မှ ဖိုလ်ဝင်တောင်မှသည်သပိတ်ဆေးစခန်းထိ
၄၅မိုင်ခရီးတို့ဖြစ်ပါတယ်။--------------------------------------------------*
အလောင်းတော်ကဿပ တည်ရှိရာနှင့် ထူးခြားမှုများ *မုံရွာခရိုင်၊
ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော်ကဿပ ဒေသသည် မုံရွာမြို့ တစ်ဘက်ကမ်း
ညောင်ပင်ကြီးဆိပ်မှ မိုင် (၆ဝ) ကျော် ကွာဝေးပါသည်။ ယခုနှစ် တပို့တွဲ
လပြည့်နေ့က အလောင်း တော်ကဿပ ပရိနိဗ္ဗာန်ပြုရာ စံကျောင်းတော် ကျောက်သားတံခါး
ပွင့် ဟမှုဖြစ်စဉ်ကို ရန်ကုန်မြို့မှဘုရားဖူးလာရောက်သူ အမျိုးသမီးတစ်ဦး မှ
မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးနိုင်ခဲ့သည်ဟု ဆိုပါသည်။ ဒေသခံများ ၏
ကိုယ်တွေ့၊ ပြောပြချက်အရမူ အလောင်းတော်ကဿပတွင် နှစ်စဉ် တပို့တွဲလပြည့်နှင့်
တပေါင်းလပြည့်နေ့များတွင် ထူးခြားမှုဖြစ်ပေါ်လေ့ ရှိကြောင်း သိရပါသည်။
ရှေးယခင်က အလောင်းတော် ကဿပသို့ ဘုရားဖူးသွားလိုလျှင် ခြေလျင်ခရီးသာရှိပြီး
ယခုအခါ ပွင့်လင်းရာသီ တန်ဆောင်မုန်းလ မှ စတင်၍ တန်ခူးလသင်္ကြန် မတိုင်မီအထိ
မော်တော်ယာဉ်များဖြင့် စိတ်ချမ်းမြေ့စွာ သွားလာနိုင်ပါပြီ။မြေခင်းဧရိယာ
ကျယ်ဝန်းသော ချောင်းမကြီးစခန်းတွင် ယာဉ်ရပ်နား၍ တစ်မိုင်ခရီးကို ခြေလျင်
လျှောက်ရုံသာပင်။ အလောင်းတော်ကဿပ တွင် တည်းခိုစခန်းများ၊
စားသောက်ဆိုင်တန်းများ သီးခြားတည်ရှိပြီး အရှေ့ဘက်ယွန်းယွန်း မနီးမဝေးတွင်
ကြေးပြာသာဒ်စံကျောင်းတော် ဖြင့် အလောင်းတော်ကဿပ ကိုယ်စားတော်အား
ဖူးမြင်နိုင်သည်။ ကိုယ်စားတော်၏ ဦးခေါင်းတော် အောက်တည့်တည့် လိုဏ်ဂူအတွင်း
မှာ အလောင်းတော်၏ ခြေတော်အစုံတည်ရှိသည်။ ဥာဏ်တော် (၁ဝ) တောင်ရှိပြီး
အနောက်မြောက်ဆီသို့ ဦးခေါင်းထား၍ ပရိနိဗ္ဗာန်ပြုနေ ဟန် ရဟန္တာ
ပုံသဏ္ဌာန်ဖြစ်ပါသည်။ မူလဒါယကာမှာ အဇာတသတ်မင်း
ဟုဆိုကြသည်။စံကျောင်းတော်မြောက်ဘက် အုတ်လှေကားငယ်အတိုင်း ဆင်းသွားပါက
တောင်ခြေလျှိုထဲသို့ ရောက်ပါမည်။ ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံး
ဆုံရာအရပ်ဖြစ်ပြီး ဝေဘာရတောင်အလယ်တွင် စံကျောင်းတော် တည်ရှိသည်။
သမိုင်းဟောင်းပေစာများ အဆိုအရ အလောင်းတော်ကဿပမထေရ်သည် ကောဇာသက္ကရာဇ် ၁၅၄ ခု၊
တပို့တွဲလပြည့်၊ အင်္ဂါနေ့၊ သက်တော် ၁၂ဝ၊ ဝါတော် သိက္ခာ ၅ဝ ပြည့်တွင်
ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သည်။ဝေဘာရတောင် အလယ်ဗဟိုအတွင်းတွင် အလျား၊ အနံ၊
အမြင့် ၃၅ တောင်စီ စတုရန်းညီမျှသော ဂန္ဓကုဋီတိုက်တော်ရှိသည်။
တိုက်တော်အတွင်း ကြေးပြာသာဒ်ကြီးဖြင့် မြသလွန်ညောင်စောင်းပေါ်တွင်
ရှင်မဟာကဿပသည် မြောက်သို့ ဦးခေါင်းပြုကာ လက်ယာနံတော်စောင်း၍
ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ စံကျောင်းတော်တွင် အတောင် ၅ဝ စီခြား၍ ရွှေတံခါး၊
ငွေတံခါး၊ ကျောက်တံခါး ၃ တန် ဖြင့် ကာရံထားသည်။ အချို့ သမိုင်းတွင်
အလောင်းတော်ဘေး၌ ထွန်းညှိထားသော ရွှေ၊ ငွေ၊ မြ၊ ပတ္တမြား ဖယောင်းတိုင် (၄)
တိုင်အား ကုသိုလ်ရှင် အဇာတသတ်မင်းကြီးက အဓိဋ္ဌာန်ပြုခဲ့သဖြင့် အရိမေတ္တယျဘုရား
ပွင့်တော်မူရာကာလ အလောင်းတော်ကဿပ တေဇောဓာတ်ကျွမ်းလောင်ပြီးမှ ငြိမ်းမည်ဟု
ဆိုပါသည်။တောင်သုံးလုံးဆုံရာ အောက်ခြေရှိ လိုဏ်အတွင်းမှ ကျောက်တံခါးကို
စံကျောင်းတော်တံခါးဟု ဘုရားဖူးများက ယုံကြည်ကြပြီး အထက်ဘက်ရှိ
ကိုယ်စားတော်အား လှူဖွယ်အမျိုးမျိုး ကပ်လှူကြ၍ ကျောက်တံခါးတွင်မူ
အလောင်းတော်အား ရည်မှန်း၍ ရွှေသင်္ကန်းကပ်လှူခြင်း၊
ကျောက်တံခါးပွင့်ဟနေသောကြားမှ ဝတ္ထုနှင့် လက်ဝတ်ရတနာများ
လှူဒါန်းကြလေ့ရှိသည်။ထူးခြားမှုများလွန်ခဲ့သော နှစ် ၆ဝ ခန့်က ဆိုလျှင်
ကျောက်တံခါးဝလိုဏ်ဂူအတွင်း၌ စံကျောင်းတော်ထဲသို့ စီးဝင်သော
ချောင်းငယ်လေးရှိသည်။ ဆွမ်းတော်ပွဲကို ဖောင်ငယ်ပေါ်တင်၍
အဓိဋ္ဌာန်ပြုလှူဒါန်းပါက အောက်ဥမင်ဝတွင် လှူဖွယ်များ ပါမလာတော့ဟု သိရသည်။ ယခု
အခါတွင်မူ ထိုချောင်းငယ်မှာ သဲများဖြင့် ပိတ်ဆို့သွား၍
ကွန်ကရစ်လျှောက်လမ်း ခင်းပေးထားပါသည်။ ထို့အတူ ကျောက်တံခါးရှေ့ သဲသောင်တွင်
အဓိဋ္ဌာန်၍ ရွှေ၊ ငွေ မြှုပ်နှံပြီး မည်၍မည်မျှကိုဖြင့် အဆောင်အဖြစ်
ပြန်စွန့်တော်မူပါဟု ဆုတောင်းလျှင် ပြန်၍ တူးဖော်သောအခါ ထိုပမာဏအတိုင်း
ရရှိခဲ့သည်။ ယခုခေတ်တွင်လည်း ကျောက်တံခါးကြားတွင် ဝတ္ထုငွေကပ်လှူပြီး
ဆောင်ထား လိုသောဆန္ဒဖြင့် ရှိခိုးဝတ်ပြုပြီးပါက ဆောင်ရမည့်ဝတ္ထုသာ
ကျန်သောဖြစ်စဉ်များကို ကိုယ်တွေ့ကြုံသူများ
အများအပြားရှိသည်။ခြေတော်ရာရှင်မဟာကဿပ မထေရ်ကြီးသည် မဏိပူရမှ
တောင်သုံးလုံးဆုံရာအရပ်သို့ ကြွတော်မူရာတွင် မင်းကင်းမြို့နယ်၊
နှင်းကြီးရွာမှ (၄) မိုင်ခန့်အကွာ အညာလယ်ရွာတွင် ခြေတော်ရာတစ်ဆူ
ချတော်မူခဲ့သည်။ ယခုအခါ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း တည်ရှိပြီး
ခြေတော်ရာပေါ်မှ မြေပေါက်လိုဏ်စေတီ
တည်ထားသည်။သပိတ်ဆေးချောင်းပုထိုးလုံးချောင်းအနီးရှိ ချောင်းငယ်တစ်ခုမှာ
ရှင်မဟာကဿပမထေရ် ဆွမ်းဘုဉ်းပေးတော်မူပြီး သပိတ်တော် ဆေးခဲ့လို့ “သပိတ်
ဆေးချောင်း” ဟု ခေါ်သည်။ ချောင်းအတွင်း၌ ဆွမ်းလုံးသဏ္ဌာန်ကျောက်ခဲများ
ယနေ့တိုင် တွေ့မြင်နိုင်သည်။သင်္ကန်းလှန်းကျောက်ဖြာဘုရားဝစခန်းအောက်
(လေးမိုင်) အကွာရှိကျောက်ဖြာအနီးမှာ မထေရ်ကြီး အနားယူတော်မူပြီး
ဘုရားရှင်နှင့် သင်္ကန်းချင်းလဲလှယ် ထားသော ပံ့သကူဒုကုဋ်နှစ်ထပ်
သင်္ကန်းကြီးကို ကျောက်ဖြာပေါ်တွင် ဖြန့်လှန်းခဲ့သည်။ ကျောက်ဖြာပေါ်မှာ
ဒုကုဋ်သင်္ကန်းအကွက် များနှင့် သင်္ကန်းအနားပတ်နေရာ အကွက်များ
ယနေ့တိုင်ထင်ကျန်နေပါသည်။ကျီးဖိုနှင့်ကျီးမအလောင်းတော်ကဿပ မရောက်မီ
ချောင်းမကြီးစခန်းရှိ သစ်ပင်ကြီးများပေါ်မှ ကျီးဖို၊ ကျီးမ နှစ်ကောင်တို့သည်
ဆီးကြို နှုတ်ဆက်ဟန်ပြုကြပြီး ဘုရားဖူးလာသူတို့ရှေ့ မှလမ်းပြပျံသန်းသည်ကို
အခေါက် တိုင်းကြုံဖူးသူများရှိပါသည်။ကျောက်တံခါးဖွင့်၍
ဖူးခွင့်ရခဲ့သူများကနီမြို့နယ်၊ ယာကြီးအုပ်စု၊ ရွာမကျေးရွာမှ
မောင်ထွန်းကြိုင်၊ မောင်ကျော်၊ ဒေါ်မိဒေါင်း၊ ဒေါ်ကြွားတင် စသူတို့ပါဝင်သော
(၁ဝ)ဦး အဖွဲ့သည် လွန်ခဲ့သောနှစ် ၃၀ (၁၃၄ဝ ခု၊ တပေါင်းလပြည့်ကျော် ၂ ရက်၊
နံနက် ၈ နာရီ) က အလောင်းတော်ကဿပအောက် လိုဏ်ဂူကျောက်တံခါးဝတွင်
ဖူးမြော်နေကြသည်။ ထိုသူတို့ရှေ့၌ အလွန်ကြည်လင်တောက်ပသော
အလင်းရောင်အလုံးတစ်လုံး ပေါ်လာကာ တဖြည်းဖြည်းငယ်ရာမှကြီးလာပြီး
လိုဏ်ဂူကြီးတစ်ခုလုံး လင်းထိန်သွားသည်။ ရှေးဦးစွာ အလောင်းတော်၏ခေါင်းရင်း
ဘက်မှ ရွှေစေတီတစ်ဆူပေါ်လာပြီး မကြာမီ အလောင်းတော်အစစ်အား ကျောဘက်မှ
ဖူးမြင်ခွင့်ရခဲ့ကြသည်။တောပွဲ၊ မြို့ပွဲအလောင်းတော်ကဿပမှာ
အစည်ကားဆုံးပွဲတွေက တပို့တွဲလပြည့် ထမနဲစတုဒီသာပွဲနှင့် တပေါင်းလပြည့်
ဆွမ်းဆန်စိမ်း လောင်း လှူပွဲတို့ဖြစ်သည်။ ထမနဲပွဲတွင်
မြန်မာနိုင်ငံအရပ်ရပ်မှ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် လာရောက်ကြသော
မြို့ပွဲဖြစ်သည်။ တပေါင်းလပြည့်တွင်မူ မင်းကင်း၊ ကနီ၊ ယောဒေသများမှ ခြေလျင်
ဘုရားဖူးလာကြသူများ၏ ပွဲဖြစ်သည်။ သံဃာတော်များအား ဘုရားဖူးများက
အောက်လိုဏ်ဂူမှ အထက်လိုဏ်ဂူအထိ တန်းစီ၍ ရေသိမ်အပြီးတွင် လှူဖွယ်များ
လောင်းလှူလေ့ရှိသည်။ မွန်းလွဲ (၁) နာရီကျော်ခန့်တွင် အောက်လိုဏ်ဂူ
အဝင်ဝဘယ်ဘက်ဘေးရှိ ဂူအတွင်းတွင် အလင်းရောင်အလုံးအရွယ်စုံ ကူးယှက်လှုပ်ရှား
သည်ကို ယနေ့တိုင်နှစ်စဉ် တပေါင်းလပြည့် မွန်းလွဲ ၁ နာရီမှ ၂ နာရီအတွင်းတွင်
မိနစ်ပိုင်းခန့်မြင် တွေ့ရမြဲဖြစ်သည်။သဒ္ဓါတရား ထက်သန်သူတို့၏
ယုံကြည်မှုကြီးမားချက်အရ အလောင်းတော်ကဿပ ဘုရားဖူးရာတွင် ထူးခြားစွာ
ဖြစ်ပေါ်မှုများကို နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များ၌
ဖူးမြင်နေရဆဲဖြစ်ပါသည်။-----------------------------------------------*
အလောင်းတော်ကဿပ ထေရုပတ္တိ ** ဗျာဒိတ်တော်ခံယူခန်းလွန်ခဲ့သောကမ
္ဘာတစ်သိန်းအထက်က ပဒုမုတ္တရဘုရားရှင် ခေမာမိဂဒါဥယျာဉ်၌ သီတင်းသုံးနေစဉ်
ဝေဒေဟသူဌေးကြီးနှင့် ဇနီးတို့ ခဲဖွယ်ဘောဇဉ်များကို လှူဒါန်းကာ
ဥပုသ်သီလဆောက်တည်၍ ဘုရားရှင်နှင့်တကွ သံဃာတော်ခြောက်သောင်းတို့အား
ဆွမ်းဘုန်းပေးကြွရောက်ရန် အိမ်သို့ပင့်ဖိတ်ပြီး ပြန်ခဲ့လေသည်။ ထိုကဲ့သို့
ခုနှစ်ရက်တိုင်အောင်ဆက်ကပ်လှူဒါန်းပြီး ပဒုမုတ္တရဘုရားရှင်၏ ခြေတော်အစုံကို
ဦးတိုက်၍ မိမိအလိုရှိသော ဆု .. ဤသို့ ခုနှစ်ရက်ပတ်လုံးပြုလုပ်ခဲ့သော
ကုသိုလ်စေတနာကြောင့် အရှင်နိသဘမထေရ်ကဲ့သို့ ဓုတဓရ ဧတဒဂ္ဂ တတိယသာဝကဘွဲ့ထူး
များကို ချီးကျူးမြှောက်စား တော်မူပါဘုရား ဟု လျှောက်ထားတောင်းပန်လိုက်သည်။
ထိုအခါ ပဒုမုတ္တရဘုရားရှင်သည် ဝေဒေဟသူဌေးကြီး၏ သဒ္ဓါတရားကို
စောင့်ရှောက်သောအားဖြင့်.... ဝေဒေဟသူဌေးကြီး.... ဤကမ္ဘာမှနောက်ကမ
္ဘာတစ်သိန်းမြောက် ဘဒကမ္ဘာ၌ ဂေါတမဘုရား ပွင့်တော်မူလတ္တံ့၊ ထိုအခါ သင်သည်
ဂေါတမ ဘုရား၏ သာသနာတော်၌ မဟာကဿပမည်တော်ရ၍ ဓုတဓရ ဧတဒဂ်ရ တတိယသာဝကကြီး
ဖြစ်လိမ့်မည် ဟု ဗျာဒိတ်စကား မိန့်ကြားလိုက်သည်။ထိုသို့ဗျာဒိတ်တော်ရအပြီး
နေ့စဉ်နှင့်အမျှ ဒါန၊ သီလ၊ ဘာဝနာ၊ မေတ်္တာတရားများပွားများ၍
အသက်အတိုင်းနေပြီး စုတေသောအခါ နတ်ပြည်၊ လူ့ပြည် လှည့်လည်ကာ ဖြစ်ကြလေသည်။(၁)
ကိုးဆယ့်တစ်ကမ်္ဘာလွန် ၀ိပဿီဘုရားလက်ထက်၌ ဧကသာဋကပုဏ္ဏား အဖြစ်(၂)
ကောဏဂုံဘုရားနှင့်ကဿပဘုရားနှစ်ဆူကြားတွင်သူဌေးကြီးအဖြစ်(၃)
ကဿပဘုရားလက်ထက်တွင် ကုဋေ(၈၀)ကြွယ်ဝသော သူဌေးကြီးအဖြစ်(၄) ဗာရာဏသီပြည်၌
နန်္ဒိယမင်းကြီး အဖြစ်(၅) ဂေါတမဘုရားထင်ရှားဖြစ်လာသောအခါ မာဂတိုင်း၌
ကဿပနွယ်ဖြစ်သော မင်းပုဏ္ဏား၏သားငယ် ပိပ္ပလိ အဖြစ် ဖွားမြင်ခဲ့သည်။
အရွယ်ရောက်သောအခါ မန္ဒရာဇ်တိုင်း သာဂလမြို့မှ ဘဒ္ဒကာပိလာနီ နှင့်
မိဘတို့၏သဘောအတိုင်း အိမ်ရာထူထောင်ခဲ့သည်။*
တောထွက်ခန်းမိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တနေ့သ၌
ဇနီးမောင်နှံနှစ်ဦးစလုံးသည် ရဟန်းပြုအံ့၊ ရဟန်းမ ပြုအံ့ ဟု အကြံရလျှက်
ရှိသမျှ စည်းစိမ်ဥစ်္စာအားလုံး ကိုစွန့်လွတ်၍ တစ်ဦးကိုတစ်ဦးဆံချပေးပြီး
ဖန်ရည်စွန်းသောသင်္ကန်းကိုဝတ်ရုံ၍ တောထွက်ကြလေသည်။ ထိုသို့
တောထွက်လာကြပြီးနောက် တောမြိုင်တခု၌ လမ်းဆုံတခုတွေ့ရာ ပိပ္ပလိက လက်ယာဘက်လမ်း
မယ်ဘဒ္ဒါက လက်ဝဲလမ်းကိုလိုက်၍ ခွဲခွာလိုက်ကြသည် ထိုခွဲခွာပြီးသည်နှင့်
တပြိုင်နက် မြေပြင်သည်ပဲ့တင်တုန်ဟီး၍ ကောင်းချီးပေးခဲ့သည်။ *
ဂေါတမမြတ်စွာဘုရားနှင့် တွေ့ခန်းဘုရားရှင်သည် ရာဇဂြိုလ်ပြည်
ဝေဠုဝန်ကျောင်း၌ သီတင်းသုံး တော်မူနေစဉ် ပါရမီရှင်နှစ်ဦး လမ်းခွဲသဖြင့်
ပဲ့တင် တော်လဲမြေပြင်တုန်ဟီး၍ ကောင်းချီးပေးသံကို ကြားရပြီး
ဆင်ခြင်တော်မူရာ ပိပ္ပလိ၏ပါရမီအဟုန်ကို သိမြင်တော်မူ လေသည်။ပိပ္ပလိလုလင်
ရဟန်းပြုလာခြင်းသည်ငါဘုရား၏ သာသနာအတွက် အားကိုးထိုက်သူ၊ ငါဘုရားနှင့်အတူ
ထား၍ ချီးမြှောက်ထိုက်သူဖြစ်လတ္တံ့ ဟု သိတော်မူ၍ ရာဇဂြိုလ်ပြည်နှင့်
နာလန္ဒမြို့ ကြား ဗဟုပုတ္တကညောင်ပင်ရင်း၌ ရောင်ခြည်တော် ခြောက်သွယ်ကို
ကွန့်မြူးလျက် စောင့်စား နေတော်မူသည်။ပိပ္ပလိလုလင်သည် ဘုရားရှင်ကို
မြင်ရသောအခါဤအရှင်ကား သုံးလောက၌ အတု မရှိသော ဘုရားရှင်သာ ဖြစ်ရပေမည်၊
ဤဘုရားအား ရည်မှန်း၍ ငါရဟန်းပြု လာခဲ့ပေသည် ဟု ကြည်လင်သောစိတ်ဖြင့်
လက်စုံမိုးလျက်. သတ္တာ မေ ဘန္တေ ဘဂ၀ါ သာဝကော ဟိမသ်္မိ .... ဘုန်းတော်
ကြီးမြတ်သော မြတ်စွာဘုရား အရှင်ဘုရားသည်
တပည့်တော်၏ဆရာဖြစ်ပါသည်ဘုရား...တပည့်တော်သာဝက ဖြစ်ပါသည်ဘုရား ”ဟု
လျှောက်ထားသည်။ထိုအခါ ဘုရားရှင်က မိဘမျိုးရိုးတို့၏ဂုဏ်နှင့်ပြည့်စုံသော
အမည်ကိုခေါ်လို သည်ဖြစ်၍ ...ချစ်သားကဿပ ငါဘုရားသာသနာတွင် နေလော့ . ..
သင့်အား လောကုတ္တရာအမွေကို ငါပေးဝေအံ့ ဟု မိန့်တော်မူလျက်..... ချစ်သားကဿပ
သင်သည် မြတ်သောအမျိုးဇာတ်ကြောင့် မာန် မာနကြီးခဲ့သူဖြစ်၏၊ ထို့ကြောင့်
အရွယ်ကြီး၊ ငယ်၊ လတ် ဖြစ်သော သီတင်း သုံးဖော်တို့၌
ပြင်းပြသောရှက်ကြောက်ခြင်း ရှိစေရန် ကျင့်သုံးအပ်၏ .... ကဿပ သင်သည်
အကြားအမြင် ဗဟုသုတ ပေါများလှသူဖြစ်၏၊ ထို့ကြောင့် သူတော်ကောင်း တရားကို
ကြားနာရသောအခါ ကြားရ၊ နာရ သမျှကို တစ်လုံးမကျန် နားစိုက်၍
နှစ်နှစ်ခြိုက်ခြိုက် နာကြားနိုင်ရန် ကျင့်သုံးအပ်၏ ..... ကဿပ
သင်သည်ရုပ်ရည်ရူပကာ လှပတင့်တယ်သူဖြစ်၍ မိမိကိုယ်ကို ပြန်သာယာတတ်၏၊
ထို့ကြောင့် သုခနှင့်တကွဖြစ်သော ကာယဂတာသတိကို မစွန့်မခွာနေနိုင်ရန်
ကျင့်သုံးအပ်၏ ဟူသော သြ၀ါဒပါတိ မောက်ဂါထာ သုံးပုဒ်ကို ဟောတော်မူ၍
မြင့်မြတ်သောရဟန်း အဖြစ်သို့ ရောက်စေတော်မူ ခဲ့လေသည်။* မှတ်ချက် ။ ။
ရဟန်းပြုခြင်း ဥပသမ္ပဒ ရှစ်မျိုးတွင် ဤသာသနာတော်၌ ရှင်မဟာကဿပတစ်ပါးသာ
သြ၀ါဒပဋိဂ္ဂဟဏုပသမ္ပဒါ သြ၀ါဒခံယူရုံမျှဖြင့် ရဟန်းဖြစ်ခဲ့ရပါသည်။ *
မြတ်စွာဘုရားရှင်နှင့် ဒုကုဋ်သင်္ကန်းကြီး လဲလှယ်ခန်းရှင်မဟာကဿပ
ရဟန်းဖြစ်ပြီးနောက် ဘုရားရှင်နှင့်အတူ ဝေဠုန်ကျောင်းသို့ ပြန်ကြွတော်မူလာရာ
လမ်းခရီး၌ ဘုရားရှင်နားလို သည်ကိုသိ၍ ပခုံးထက်တင်လာသော ကမ္ဒာလာဒုကုဋ်ကို
လေးထပ်ခေါက်၍ ခင်းပေးတော်မူသည်။ မြတ်စွာဘုရားရှင်ကလည်းထိုင်ရင်း၊
သင်္ကန်းကြီးအား လက်ဖြင့် သုံးသပ်လျက် . . .. သင်၏ဒုကုဋ်သည် အလွန်နူးညံ့ပေစွ
ဟု ချီးမွမ်းတော်မူသည်။ရှင်မဟာကဿပလည်း ဤဒုကုဋ်အား ငါလှူဒါန်းအံ့ဟု
အကြံဖြစ်လျက် မြတ်စွာဘုရားရှင်အား လှူတော်မူသည်။ မြတ်စွာဘုရားကလည်း
ပခုံးတော်ထက်မှ ပံသုကူဒုကုဋ် သင်္ကန်းကြီးကို ရှင်မဟာကဿပအား . . ..
အနာဂတ်သာသနာတော်တွင် ငါဘုရားကဲ့သို့ ရဟန်းများကို ဆုံးမရန် ကိုယ်စားတော်အရာ
ထားသောအားဖြင့် . . . ” ပေးသနား တော်မူသည်။ ဤသို့ ချီးမြှင့် ခံရသူမှာ
ဤသာသနာ၌ ရှင်မဟာကဿပ တစ်ပါးသာ ရှိခဲ့ဘူးသည်။မှတ်ချက်။ ။ မြတ်စွာဘုရား
ချီးမြှင့်သော ဒုကုဋ်မှာ သာမညသင်္ကန်း မဟုတ်၊ ပုဏ္ဏ ကျွန်မအလောင်းကောင်မှ
ပိုးလောက်တဖွားဖွားဖြင့် မြတ်ဘုရားကိုယ်တိုင် ပံ့သကူကောက်ခဲ့စဉ်က
မြေကြီးတုန်ဟီး ကောင်းချီးပေးခဲ့ရသော ၀ိသေသ သင်္ကန်းဖြစ်သည်။ * ရှင်မဟာကဿပ
ရဟန္တာ ဖြစ်ခန်းနှင့် ဧတဒဂ်ရခန်းထိုသို့
သင်္ကန်းချီးမြှင့်တော်မူပြီးသည့်နောက် ဝေဠုဝန်ကျောင်းတော်သို့ ရောက်သောအခါ
ရှင်မဟာကဿပအား ဓူတင်တစ်ဆယ့်သုံးပါး အကျင့်တရားကို ဟောကြားတော်မူလေသည်။
ရှင်မဟာကဿပသည် ပုထုဇဉ်အဖြစ်ခုနှစ်ရက်နှင့် ရှစ်ရက်မြောက်သောနေ့
အာရုဏ်တက်လျှင် အရဟတ္တမဂ်ကို ပဋိသမ်္ဘိဒါလေးပါး၊ အဘိညာဉ်ခြောက်ပါးနှင့်တကွ
ရဟန္တာအဖြစ်သို့ ရောက်သည်။ဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း
ချီးမြှောက်အပ်သော တပည့် ရဟန်းတို့အား ချီးမြှောက် ရာတွင် ရှင်မဟာကဿပ
အလှည့်ကျသဖြင့်.... ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကနံ ဓုတင်္ဂရာနံ ဘိက္ခူနံ ယဒိဒံ
မဟာကဿပေါ ရဟန်းတို့ ငါဘုရား၏တပည့်ရဟန်းများထဲတွင် ဓူတင်ဆောင်ရာ၌ ဤမဟာကဿပသည်
အမြတ်ဆုံး၊ အသာဆုံးပေတည်း ဟု ဓူတင်္ဂဧတင်္ဂကိုပေး၍ ဥရုဝေလကဿပ၊ နဒီကဿပ၊
ကုမာရကဿပ၊ ဂယာကဿပ လေးဦးတို့နှင့် ခြားနားစေရန် တတိယသာဝက မဟာကဿပ ဟူသော
အမည်ကိုပေးလေသည်။မှတ်ချက် ။ ။ ဘန္ဒကာပိလာနီ ရဟန်းမမှာလည်း မိထွေးတော်
ဂေါတမီတို့ ထံတွင် ဘိက္ခုနီလုပ်၍ အားထုတ်သဖြင့် ရဟန္တာထေရီမ ဖြစ်ကာ
ဘုရားရှင်က ပုဗ္ဗေနိဝါသ အရာ၌ ဧတဒဂ်ထားတော်မူ လေသည်။*
ဓုတင်ဆောင်ပုံအကျဉ်းအရှင်မဟာကဿပမထေရ်ကြီးသည် ဓူတင်(၁၃)ပါးစလုံးကို
အမြဲဆောင်တော်မူ၍ တော၌သာတရားဖြင့်နေသည်။ တစ်ခါတရံ နိရောဓ သမာပတ်ဝင်စား၍
ဆင်းရဲသားများကို အထူး ကယ်တင်တော်မူလေ့ ရှိသည်။တစ်နေ့တွင်
ရွာအတွင်းသို့ဆွမ်းခံကြွလာရာ နူနာသည်အား ချီးမြှောက် လို၍
ဆွမ်းကိုအလှူခံခဲ့ဖူးသည်။ ဆွမ်းလောင်းထည့်လိုက် သောအခါ ထိုနူနာသည် ၏
လက်ချောင်းများမှ သွေးပြည်ယိုစီး၍ ပုပ်ပွဆွေးမြည့်နေသဖြင့် သပိတ်ထဲမှာပင်
လက်ချောင်း ပြတ်ကျန်ခဲ့သည်။အခြား သူလိုကိုယ်လိုလူများ အဖို့ကား
အူထွက်မတတ်အောင်ပင် ပျို့အန် ပေလိမ့်မည်။ သို့သော် တဖက်သားအကျိုးရှိ
ကောင်းစားမည်ဆိုလျှင် အံ့ဖွယ်ချီးမြှောက်တော်မူသော အရှင်မဟာကဿပသည်
ထိုအိမ်နံရံခြေ၌ ပင်ထိုင်၍ ဆွမ်းထဲမှလက်ချောင်းပြတ်ကို ဖယ်ကာ ဖယ်ကာဖြင့်
မြိန်ယှက်စွာ ဘုဉ်းပေး တော်မူခဲ့သည်။* ရှင်မဟာကဿပ၏ သိမှတ်ဖွယ်ရာများ.
ရဟန်းတို့.... ကဿပသည် ကောင်းဆိုးယုတ်မြတ် ရတတ်သမျှသော ပစ္စည်းလေးပါးဖြင့်
ရောင့်ရဲလွယ်၏၊ ရောင့်ရဲလွယ်ခြင်း၏ အကျိုးကျေးဇူးကိုလည်း ဆိုလေ့ရှိ၏၊
ပစ္စည်းလေးပါးနှင့်ပတ်သက်၍ မသင့်လျော်သော အမူအကျင့်များကို လည်းမကျင့်ပေ၊
မရသေးသော ပစ္စည်းကိုလည်း တောင်းတခြင်းမရှိ၊ ရပြီးသော ပစ္စည်းလေးပါးကိုလည်း
စွဲလမ်းမက်မောခြင်းမရှိပေ၊ ပစ္စည်းလေးပါးတို့ကို လက်ခံသုံးစွဲ
နေရခြင်းကိုပင် ဘေးဟုရှုမြင်တတ်၏၊ လွတ်မြောက်ရာကို ရှေ့ရှုသော
ဉဏ်ဖြင့်ဆင်ခြင်၍သာ သုံးဆောင် တတ်၏ (ကဿပသံယုတ်၊ သန္တုဌီသုတ်). ရဟန်းတို့
..... လူတို့၏ စိတ်နှလုံးကို ချမ်းမြေ့စေတတ်သော ငွေလမင်းကြီးသည်
ကောင်းကင်ထက်၌ လွတ်လွတ်လပ်လပ် သွား၍နေသကဲ့သို့ ကဿပသည်
ကိုယ်ရောစိတ်ပါလွတ်လွတ် ကြီးခွာလျက် ဒါယကာ၊ဒါယိကာမ တို့ထံ ချဉ်းကပ်၏၊
နေ့စဉ်နှင့်အမျှဆွမ်းခံရောက်သော်လည်း သူ့အဖို့ အားလုံးအသစ်ချည်းသာ ဖြစ်သည်။
အကျွမ်းတ၀င်ခင်မင်ရင်းနှီးထားသော ဒါယကာ၊ ဒါယိကာမဟူ၍ မရှိပေ၊ ငါ့ဒါယကာ၊
ငါ့ဒါယိကာမ ဟူ၍ စွဲလမ်းခြင်းလည်း မရှိပေ...(ကဿပသံယုတ်၊ စန္ဒူမပသုတ်)ကဿပ ....
ရဟန်းတို့ကို ဆုံးမလော့ .....၊ ရဟန်းတို့အား တရားဟောကြားလော့ .....၊
ရဟန်းတို့ကို ငါဘုရားဆုံးမသကဲ့သို့ သင်လည်း ဆုံးမလော့....၊ ရဟန်းတို့အား
ငါဘုရား ဟောကြားသကဲ့သို့ သင်လည်း ဟောကြားလော့ .....။(ကဿပသံယုတ်၊
သြ၀ါဒသုတ်). ရှင်မဟာကဿပသည် ဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူ ပြီးနောက်တွင်
သုဘဒ္ဒရဟန်းကြီး၏ စကားကိုကြား၍ ဓမ္မသံဝေဂရကာ သတ္တမဏ္ဏလိုဏ်ဂူနီးတွင် ပထမ
သံဂါယနာ တင်တော်မူခဲ့သည်။. နောင်အနာဂတ်တွင် အာသောကမင်းသည် ဘုရားရှင်၏
ဓါတ်တော်များကို ဇမ္ဗူဒိပ် ကျွန်းအနှံ့ စေတီတည်ထားကိုးကွယ်နိုင်ရန်
ဓါတ်တော်များကို စုစည်းပင့်ဆောင်ကာ ဓါတ်တော်တိုက်ခန်းများအတွင်း သိုမှီး
သိမ်းဆည်း ခဲ့သည်။ * ပရိနိဗ္ဗာန်စံခန်းသက္ကရာဇ် (၁၈၆) အကျော်တွင်
ရှင်မဟာကဿပမထေရ်ကြီးသည် ပုဗ္ဗေနိဝါသဉဏ်၊ အနဂတံသဉဏ်တော်တို့ကို ဖြန့်ကျက်၍
ဆင်ခြင်တော်မူရာ သလ္လာဝတီမြစ် (ယခုချင်းတွင်းမြစ်) အနောက်ဘက် ဝေဘူလ၊ ဝေဘာရ၊
သုနန္ဒရ တောင်သုံးလုံးအတွင်း ရှင်မဟာကဿပတို့ ရသေ့ညီနောင်သုံးပါး
တရားကျင့်ကြစဉ် ထားရှိခဲ့ကြသော နောင်တော်ကြီး ဂေါတမမြတ်စွာဘုရား
ပရိနိဗ္ဗာန်စံသောအခါ ကျွန်ုပ် အရှင်မဟာကဿပက သင်္ဂြိုလ်မှသာ တေဇောဓါတ်
လောင်ကျွမ်းပါစေ၊ ကျွန်ုပ် အရှင်မဟာကဿပ ပရိနိဗ္ဗာန်စံဝင်ခဲ့သော နောင်တော်ငယ်
အရိမေတ္တယျဘုရားက သင်္ဂြိုလ်မှသာလျှင် တေဇောဓါတ်လောင်ကျွမ်းပါစေ ဟူသော
ကတိသစ္စာအရ“နောင်တော်ကြီး ဂေါတမမြတ်စွာဘုရားနှင့် ထားခဲ့ သောကတိသည်
ယခုအခါပြည့်စုံပြီးဖြစ်သည်။ နောင်တော်ငယ် (အရိမေတ္တယျဘုရား) နှင့်ထားသော
ကတိသာ ကျန်နေပေသည်။ ငါ၏ခန္ဓာလည်း ယခုတေဇောဓါတ်မလောင်ကျွမ်းနိုင်သေး၊
အရိမေတ္တယျဘုရား ပွင့်သောအခါမှသာ တေဇောဓါတ်လောင်ကျွမ်းတော့မည်ကို သိသည် ”
Credit to> Nyi Nyi Aung

No comments:
Post a Comment